မင်္ဂလာပါ ... ယခု ပိုစ်မှာ Algorand Blockchain ပေါ်ကနေ Decentralized Finance (DeFi) project တခုကို ဖန်တီးပြီး မိမိနှစ်သက်တဲ့ Project တခုခုကို ရွေးချယ်၍ Staking လုပ်ခြင်းဖြင့် သက်ဆိုင်ရာ Token တွေကို ရယူနိုင်ဖို့ ပြုလုပ်မှာ ဖြစ်ပါတယ်။
ပထမဦးဆုံး လိုအပ်တဲ့ crypto ဖြစ်တဲ့ ALGO ကို Exchange Market (CEX) တခုခုကနေ ဝယ်ယူရမှာ ဖြစ်ပါတယ်။ ပြီးရင် ဝယ်ယူထားတဲ့ ALGO ကို မိမိအသုံးပြုချင်တဲ့ Algorand Wallet တခုခုထဲကို ထည့်ပါ။ အကြံပြုလိုတာက မြန်မာနိုင်ငံမှာဆိုရင် ALGO ကို Binance Exchange ကနေ ဝယ်ယူလို့အဆင်ပြေပါတယ်။ မိမိမှာ Binance Account ရှိရင် ပိုအဆင်ပြေပါတယ်။
ထို့နောက် Stablecoin (USDT, USDC, BUSD) တခုခုကို Binance P2P မှ ဝယ်ယူပါ (သို့) USD ဖြင့် တိုက်ရိုက်ဝယ်ယူနိုင်ပြီး Trade Tab ကနေ ALGO နဲ့ Convert လုပ်နိုင်ပါတယ်။ USD $20 ဖိုး ကနေ စတင်အသုံးပြုနိင်ပါတယ်။
*မိမိ အကောင့်ထဲတွင် လက်ကျန် USDT မရှိသေးသောကြောင့် warning ပြနေတာပါ။
ပြီးရင် ရရှိလာတဲ့ ALGO တွေကို Algorand Wallet ထဲကို Deposit လုပ်ရပါမယ်။ Algorand Wallet ထဲကို crypto တွေ ရောက်လာပြီဆိုရင် မိမိ Wallet ကို Tinyman ဆိုတဲ့ Decentralized Automated Market Maker (DEX AMM) နဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့ Permission တွေကို Approve လုပ်ပေးရပါမယ်။
Tinyman ပေါ်ကနေ မိမိ wallet ထဲမှာရှိတဲ့ ALGO တွေကို မိမိလိုချင်တဲ့ Token တွေအဖြစ် Swap ပြီးလဲလည်အသုံးပြုနိုင်ပါတယ်။ Tinyman ရဲ့ လိပ်စာကတော့ https://app.tinyman.org/ ဖြစ်ပါတယ်။
အထက်ပါပုံအရဆိုရင် ခုနက USDT 20 ကနေ ရရှိလာတဲ့ 13.7 ALGO ကို YLDY token 1155 ခုနဲ့ Tinyman ပေါ်မှာ လဲလည်ထားခြင်း ဖြစ်ပါတယ်။ ပြီးရင် ယခုစတင်ပြုလုပ်မယ့် Algorand blockchain ပေါ်က DeFi Platform ဖြစ််တဲ့ Yieldly ကို သွားရမှာ ဖြစ်ပါတယ်။
ထို့နောက် ၎င်း website ပေါ်မှ Use Yieldly ကိုနှိပ်ပြီး https://app.yieldly.finance/ ထဲကို ရောက်သွားမှာ ဖြစ်ပါတယ်။ ထိုနေရာရောက်ရင် Tinyman မှာ လုပ်ခဲ့သလို မိမိရဲ့ Algorand Wallet နဲ့ Yieldly နဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့ Permission တွေ ပေးရမှာ ဖြစ်ပါတယ်။
မိမိ Wallet နဲ့ Yieldly ချိတ်ဆက်သွားပြီဆိုလျင် Tinyman မှာလဲထားတဲ့ YLDY token တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပြီးရင် Staking Pool Tab ထဲကို ဝင်ပြီး မိမိကြိုက်နှစ်သက်ရာ Pool တခုခုကို ရွေးချယ်၍ စတင် Stake ပြုလုပ်နိုင်ပါပြီ။
တချို့ Staking Pool တွေဟာ ရက်အကန့်အသက်ရှိပြီး သတ်မှတ်ရက်ပြည့်ရင် မိမိ Staking လုပ်ထားတဲ့ token တွေကို ပြန်လည်ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ရရှိလာတဲ့ Reward Token တွေကိုတော့ မိမိအဆင်ပြေသလို ထုတ်ယူနိုင်ပါတယ်။ ထုတ်ယူတဲ့ Reward Token တွေဟာ မိမိ ချိတ်ဆက်ထားတဲ့ Algorand Wallet ထဲကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ Yieldly Finance ပေါ်တွင် Staking တခုတည်းသာမက အခြားသော Game နှင့် NFT game တို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။
Yieldly Finance နှင့် ချိတ်ဆက်ထားသော Pool များထဲမှ စာရေးသူနှစ်သက် အသုံးပြုတဲ့ Pool တခုကတော့ OPUL token တွေ ရရှိတဲ့ YLDY → OPUL pool ဖြစ်ပါတယ်။ ထို pool ထဲကို YLDY token တွေကို Staking ပြုလုပ်ခြင်းအားဖြင့် OPUL token တွေ ရရှိမှာ ဖြစ်ပါတယ်။ Opulous ဆိုတာ အနုပညာဆိုင်ရာ သီချင်းတွေကို NFT ပြုလုပ်ပြီး Music Industy နဲ့ ချိတ်ဆက်ထားတဲ့ Potential Project တခုလို့ မြင်မိပါတယ်။ အခြားသော မိမိသိရှိလိုတဲ့ project တွေကိုလည်း သက်ဆိုင်ရာ pool များထဲမှ Project Link ကနေ ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။
စာဖတ်သူအားလုံးကို လေးစားလျက် နိဂုံချုပ်လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Crypto4MM Official Channels are as below.
Telegram | Discord | Blogspot | Twitter | Facebook
Thank you.